ကွမ်းဆိပ်ရွာ၊ ရွှေကျင်မြို့နယ်
ကွမ်းဆိပ်ရွာ သည်ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ရွေကျင်မြို့နယ်တွင် တည်ရှိသောရွာကြီးတစ်ရွာဖြစ်သည်။ စစ်တောင်းမြစ်၏ ကမ်းပါးပေါ်တွင်တည်ရှိသော လှေဆိပ်ရွာကြီးလဲဖြစ်သည်။ ရာဇဝင်များရှိခဲ့သော သားပြချောင်းသည် ရွာ၏အလည်မှဖြတ်သန်း၍ စစ်တောင်းမြစ်အတွင်းသို့စီးဝင်ပါသည်။ ရွာ၏ပတ်လည်တွင် ပေါင်းလောင်းတောင်တန်းက ကာဆီးထားသည်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ရပ်ကွက်၆ခု ကျား (၂၄၉၈)ဦး မ(၂၅၃၇)ဦး ပေါင်း(၅၀၃၅)ဦးဖြစ်သည်။
Read article